ကြိုးစားကြည့်ပါ

မကောင်းသူတစ်ချို့အပေါ်မှာ
စိတ်ထားတတ်အောင် ကြိုးစားကြည့်ပါ။
လောဘကြီးတဲ့သူနဲ့တွေ့တဲ့အခါ
ပေးကမ်းတတ်အောင် ကြိုးစားကြည့်ပါ။
ဒေါသကြီးတဲ့ သူနဲ့တွေ့တဲ့အခါ
မေတ္တာထားတတ်အောင် ကြိုးစားကြည့်ပါ။
မောဟကြီးတဲ့ သူနဲ့တွေ့တဲ့အခါ
သမာဓိ အားကောင်းအောင် ကြိုးစားကြည့်ပါ။
ဖိနှိပ်တတ်တဲ့ သူနဲ့တွေ့အခါ
သည်းခံတတ်အောင် ကြိုးစားကြည့်ပါ။
ကြွားဝါတတ်တဲ့ သူနဲ့တွေ့တဲ့အခါ
ခြိုးခြံတတ်အောင် ကြိုးစားကြည့်ပါ။
ပျင်းရိတဲ့သူနဲ့တွေ့တဲ့အခါ
ဝီရိယထားတတ်အောင် ကြိုးစားကြည့်ပါ။
ရိုင်းဆိုင်းတဲ့သူနဲ့တွေ့တဲ့အခါ
ယဉ်ကျေးတတ်အောင် ကြိုးစားကြည့်ပါ။

H2
H3
H4
3 columns
2 columns
1 column
1 Comment
Ecency