ချစ်နှမငယ်

ချစ်နှမသို့ တမ်းခြင်း
စခန်းမြေငူတစ်လျှောက်မှာ
အပန်းဖြေအပူပျောက်ဖို့
စမ်းရေအတူသောက်
ပန်းကြွေအတူကောက်
လမ်းတွေအတူလျှောက်ခဲ့ကြတဲ့
သစ္စာစောင့်စည်း
အကြင်နာကြီးတဲ့
မေတ္တာကြီး တဲ့
ထာဝစဉ်နီးတဲ့
စန္ဒကိန္နရီ မောင်နှံတို့လို
ချစ်ခရီးဖော်များ သိပ်ဖြစ်ချင်တယ်
ချစ်နှမငယ်- - -

H2
H3
H4
3 columns
2 columns
1 column
1 Comment
Ecency