မိမိကိုသာ တာဝန်ယူပါ

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

မိတ်ဆွေ သင့်အနေနဲ့ လောကကြီးကို အမှန်တကယ်အေးချမ်းသာယာစေချင် ပါသလား? အေးချမ်းသာယာစေချင်ပါတယ်ဆိုရင်တော့ သင့်ကိုသင် အရင်ဆုံး ပြုပြင်လိုက်ပါ... မိမိကိုယ်ကို မိမိတာဝန်ယူလိုက်ပါ... အခြားသူတွေကို ပြုပြင်နေချင်ထက် မိမိကိုယ်ကို အမှန်တကယ်ပြုပြင်ခြင်းက အန္တရာယ်ကင်းသလို စိတ်ချမ်းသာစေပါတယ်...

ကျွန်တော့် အဖေ/အမေ ကို ကျွန်တော့်သားကို ကျွန်တော့်ဇနီးကို တာဝန်ယူပါတယ်မပြောနဲ့... ဘယ်နေရာနေနေ မလုပ်ဖူးလို့ မဟုတ်တာ မမှန်တာ မတရားတာ မလိမ်ဘူး မခိုးဘူး မသတ်ဘူး သူများသားမယားမပြစ်မှား မစော်ကားဘူး အဲလို အဲလိုလေးတွေ မိမိကိုပဲ တာဝန်ရဲရဲကြီး ယူကြည့်ကြရအောင်လား... သူတစ်ပါးဆိုတာ ကိုယ်မှမဟုတ်တာပဲ...


myself.png


လူလောက အဲ လူ့လောကတင်ဟုတ်ပါဘူးလေ... သတ္တလောကကြီးတစ်ခုလုံးလို့ ပြောရမယ်ထင်တယ်... ကိုယ်အဆင်ပြေဖို့ပဲ ကြည့်ကြတာများသဗျ... သူတစ်ပါး အဆင်ပြေလား အဆင်မပြေဖြစ်နေသလား ဆိုတာကိုတော့ ထည့်မ‌တွက် ထည့်မစဉ်းစားကြတဲ့ သူတွေက များပါတယ်...

ကိုယ့်အခက်အခဲ ကိုယ့်ဒုက္ခကိုပဲ ပြောပြညည်းညူတတ်ကြပြီး ကိုယ့်စကားကို နားထောင်နေတဲ့သူမှာကော အဆင်ပြေလား ဘာအဆင်မပြေတာ ရှိနေမလဲဆိုတာကို စဉ်းစားမိတဲ့သူ စဉ်းစားပေးတဲ့သူက လောကကြီးမှာ အတော်ရှားလိမ့်မယ်...

လူ့အသိုင်းအဝိုင်းမှာ အသေးငယ်ဆုံးလို့ဆိုရမယ့် မိသားစု အသိုက်အဝန်းလေးမှာတောင် ကိုယ့်အတွက်ပဲ စဉ်းစားပြီး အခြားသူတွေအတွက် ထည့်မစဉ်းစားမိတာတွေတောင် ရှိတတ်ပါတယ်... မိသားစု အသိုက်အဝန်းဆိုတာက လူ့လောကမှာ အနွေးထွေးဆုံး အသိုက်အဝန်းလေး‌တစ်ခုပဲမဟုတ်လား...

ဒီလို အနွေးထွေးဆုံးဆိုတဲ့ မိသားစု အသိုက်အဝန်းလေးမှာတောင် ကိုယ်တစ်ယောက်အဆင်ပြေမှုကိုပဲ အမြဲစဉ်းစားတတ်တယ်သူက လူမှု ပေါင်းသင်းဆက်ဆံရေးနယ်ပယ်တွေမှာ သူတစ်ပါးအတွက် စဉ်းစားပေးတယ်ဆိုတာက ရယ်စရာကောင်းမနေဘူးလား...

အနွေးထွေးဆုံးလို့ဆိုကြတဲ့ မိသားစု အသိုက်အဝန်းလေးမှာတောင်မှ ငါဒါကိုလုပ်လို့ ငါဒါကိုသုံးလို့ ငါဒီလိုပြောလိုက်လို့ ငါ့အဖေ ငါ့အမေ ငါ့ဇနီး ငါ့သား ငါ့သမီး အဆင်ပြေပါ့မလားဆိုတဲ့အတွေးကို မိသားစုဝင်အားလုံးက တစ်ဦးအပေါ်တစ်ဦး ပြည့်ပြည့်ဝဝ အပြန်အလှန် စဉ်းစားလုပ်ကိုင်ကြတဲ့ မိသားစု ဘယ်နှစ်စုလောက်ရှိနိုင်မလဲ... သိပ်အများကြီးတော့ ရှိလိမ့်မယ်မထင်ပါဘူး... ရှိခဲ့ရင်လည်း အဲဒီ မိသားစု အသိုက်အဝန်းလေးက အင်မတန် စိတ်ချမ်းသာမှုတွေရှိကြလိမ့်မယ်လို့ ယုံကြည်ပါတယ်...

လူတိုင်း လူတိုင်းက မိသားစု အသိုက်အဝန်းလေမှတစ်ဆင့် အခြား အခြားသော လူမှုဆက်ဆံရေး အသိုင်းအဝိုင်းများအထိ တိုးတက်စဉ်းစားနိုင်ကြမယ်ဆိုရင် လူမှုအသိုင်းအဝိုင်းကြီးတစ်ခုလုံးလည်း အေးချမ်းသာယာပျော်ရွှင်မှုတွေ ရရှိလာမယ်လို့လည်း ယုံကြည်မိပါတယ်...

အေးချမ်းသာယာပျော်ရွှင်စရာကောင်းသော လူမှုအသိုက်အဝန်းလေးတစ်ခုကို ပိုင်ဆိုင်နိုင်ကြပါစေ...


@ansoe

19-Oct-21(Tuesday)

ansoe_hive_logo.png

H2
H3
H4
3 columns
2 columns
1 column
6 Comments
Ecency