Baby With New Dresses And His Pet Cat

Hello everyone 👋
Have a nice day!

ဒီနေ့တော့ သားသား ဝဠာဟိန်း ၏ ဓာတ်ပုံ စုစည်းမှု တင်ပါဦးမယ်။
ဒီနေ့ သားသား ဝဠာဟိန်း ၏ အသက် တစ်နှစ်ရှစ်လ ပြည့်ပါပြီ။

img_0.5949142597230039.jpg

သားသား က ဒီနေ့ သစ်သစ်‌တွေ ဝတ်ထားတာနော်။
အိင်္ကျီသစ် ဘောင်းဘီသစ် ဖိနပ်သစ်
စိတ်ကူးသစ်တွေနဲ့ ဘာလုပ်ရမှာလဲ။

img_0.22820362727979568.jpg

နိုင်ငံရေး အခြေအနေ မကောင်းတော့ စစ်ဘေးရှောင်နေရတယ်။
ဘယ်ဆီ ဘယ်ဝယ် ခရီးလည်း မထွက်ရဘူး။
ပျော်ပွဲပါတီလေးတွေလည်း မလုပ်နိုင်ဘူးလေ။

img_0.7964470092986327.jpg

သားသား နဲ့ ကစားဖော်က အိမ်မှာ ရွယ်တူ မရှိဘူး။
ခုတော့ ဖေဖေ့ ရွာ ရောက်နေတာဆိုတော့ သား မမ နဲ့ ကစားရပါတယ်။
တခါတလေတော့လည်း ခြံထဲမှာ ရှိတဲ့ ကြောင်လေး၊ ကြက်လေးတွေနဲ့ ကစားရမလား စိတ်ကူးရှိတာပေါ့။

img_0.828672717014719.jpg

ဖေဖေက ကြောင် ကို ကိုင်တာ မကြိုက်ဘူးဗျ။
ကြောင်မွှေးတွေ နှာ‌ခေါင်း ပါးစပ်ထဲ ဝင်ရင် ရောဂါဖြစ်မှာ စိုးလို့တဲ့။
ကြောင်ကလေးကို ချစ်ပေမယ့် ပွေ့ဖက်ထားလို့ မဖြစ်ဘူးဗျ။
အပျင်းပြေတော့ ကြောင်ကလေး ကျောသပ်ပေးရတာလည်း ကြည်နူးစရာပါဗျာ။

ဦးဦးတို့ တီတီတို့ ရဲ့ သားသားမီးမီးတွေရော ဘာလုပ်နေကြလဲဗျ။

အားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေဗျာ။

@walarhein

H2
H3
H4
3 columns
2 columns
1 column
10 Comments
Ecency