About Trafficinsider-TIX Token from Hive Engine...!

Hive platform ပေါ်ရှိ ညီအစ်ကို မောင်နှမများအားလုံး မဂ်လာအပေါင်းနဲ့ ပြည့်စုံကြပါစေ...
screenshot_2021_09_18_21_18_11.png

ဒီနေ့တော့ Hive engine token တစ်ခုဖြစ်သော Trafficinsider - TIX token လေးအကြောင်း ရေးသားပေးခဲ့ချင်ပါသည်။
ယခုလက်ရှိရေပန်းစားနေသော SPT..SIM.. STARBITS.. PIZZA token များမှာ ရေပန်းစားလူကြိုက်များနေသော်လည်း ထို token များ၏နောက်တွင် ကျွန်တော် သီးသန့် ကြိုက်မိနေသော token လေးတစ်ခုမှာ Trafficinsider - TIX token လေးပဲဖြစ်ပါသည်။
Token reward ရရှိမှုနှင့်စျေးနှုန်းအနေအထားမှာ အသင့်အတင့်သာရှိသော်လည်း ကိုယ်ပိုင် website page နှင့် ရပ်တည်နေသော ခိုင်မာသည့် Token တစ်ခုဖြစ်ပါသည်။
ယနေ့တွင်တော့ ထို trafficinsider token လေးသည် မည်သို့ မည်ပုံမသိ စျေးနှုန်းတက်လာသည်ကို မြင်တွေ့ရပါတော့သည်။
@myanmarkoko ကတော့ TIX ပူပေါင်းဖောက်တာနေမှာပါဟု Group ထဲတွင် ပြောသွားပါသေးသည်။
သူ့တွင်လည်း TIX power အတော်များများ စုဆောင်းထားပြီး ဖြစ်ပါသည်။
ကျွန်တော်ထင်သလောက် group ထဲတွင် TIX token ပိုင်ဆိုင်မှု သူအများဆုံးဖြစ်မည်ထင်ပါသည်။
သို့သော်လည်း ယခုည ကျွန်တော်စျေးနှုန်းသွားကြည့်သောအချိန်တွင် စျေးနှုန်းမှာ အရင်ပုံမှန်ရှိနေသော စျေးနှုန်းထက် ကျနေသည်ကို တွေ့ခဲ့ရပါသည်။
မည်သို့ပင် ဖြစ်စေTrafficinsider - TIX token လေး၏ စျေးနှုန်းလှုပ်ခတ် နိုင်စွမ်းရှိသော အစဥ်အလာကို အသိအမှတ်ပြုရမည် ဖြစ်ပါကြောင်း...
မိမိကြိုက်နှစ်သက်သော token များအား စုဆောင်းခြင်းဖြင့် တစ်ချိန်မှာ အကျိုးအမြတ်ရရှိနိုင်မှာ ဖြစ်ပါကြောင်း...
အတူတကွ ကြိုးစားလုပ်ဆောင်ရင်း TIX Tokenများ စုဆောင်းထားကြပါအုံးလို့ တိုက်တွန်းရေးသား မျှဝေလိုက်ရပါတော့သည်။
screenshot_2021_09_18_20_16_13.png

သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်ပြီး အေးချမ်းသောနိုင်ငံ အမြန်ဆုံးရရှိနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
@uthantzin
18.9.2021(20:00)pm

H2
H3
H4
3 columns
2 columns
1 column
19 Comments
Ecency