တခါတလေ ဖြစ်တတ်ပါသည်။

ရာသီဥတုပူတာ အကြောင်းပြပြီး စာရေး
ပျင်းတဲ့အကြောင်း အကြောင်းရှာရမလား။
အကြောင်းရှာတာ ဘာ ညာ သာရကာထား။
ကိုယ်မရေး ကိုယ်ပဲ ဒေါ်လာ မရမှာ
ဟုတ်ဘူးလား။ ဒီတော့ ဖြစ် ညှစ် ရေး။
စာလုံးထွက်ပြီးရော အဲ့သလိုတွေများတောင်
ဖြစ်နေတဲ့ ဘဝကြီး။

နေ့စဉ် မဟုတ်တောင် ရက်ခြား ရေးတဲ့စာ
ရဖို့ အတော်စဉ်းစားရသည်။ စာရေးဆရာများ
ကို ကိုယ်ရေးကြည့်မှ အတော်ကို လေးစား
ပြီးရင်း လေးစားရသည်။ ကိုယ်တွေက
စာသာ ဖတ်သည် ကိုယ်ဖတ်သည့်စာကို
ပြန်ရေးပြဖို့ ပြန်ပြီးမျှဝေဖို့ရာပင် ခက်ခဲ
နေတတ်သည်။

အဲ ပေါက်ကရ ဟာမျိုးဆိုရင်တော့ လာထား။
ယနေ့တော့ @nweoomon ၏ မြေးနှစ်ယောက်
အကြောင်းရေးရပါမည်။ တနေ့က အဲ
တနေ့ကဆိုတော့ တိတိကျကျဆိုပါရင်
သင်္ကြန်အတက်နေ့ဖြစ်ပေသည်။ သူမ၏
မြေးနှစ်ယောက်က သင်္ကြန်အတက်နေ့မှာ
မွေးတာချင်းတူကြသည်။

ညီအကိုနှစ်ယောက်လုံးကို သူရို့အမေက
သင်္ကြန်အတက်နေ့မှာ ဗိုက်ခွဲ၍ မွေးခြင်း
ဖြစ်သည်။ အကြီးကောင်က ကိုးနှစ်၊
အငယ်က နှစ်နှစ်ဖြစ်သည်။ သူရို့လေးတွေ၏
မွေးနေ့ပွဲကို ရောက်ခဲ့သည်။ မွေးနေ့ကိတ်မုန့်နှင့်
ရေခဲမုန့်ကျွေးသည်။

သင်္ကြန်ရေစိုစိုမှာ မွေးနေ့ပွဲကျင်းပသည်။
သူရို့ သူငယ်ချင်းလေးများဖြင့် မွေးနေ့ပွဲကျင်းပသည်။
အကြီးကောင်း၏ သူငယ်ချင်းပေါက်စများက
ပိုများသည်။ အငယ်လေးကတော့ သူ့အကို၏
သူငယ်ချင်းများကို ကြည့်ကာ ပျော်နေသည်။

မွေးနေ့ဆုတောင်းပြီး ကိတ်မုန့်ပေါ်မှ
ဖယောင်းတိုင်မှုတ်ကြသည်။ အငယ်လေး၏
ကိတ်မုန့်ပေါ်မှ ဖယောင်တိုင်ကို အနီးမှာရှိသော
ကလေးက မှုတ်လိုက်သည်။ ထိုကြောင့်
ကိတ်မုန့်ပေါ် ဖယောင်တိုင်ကို မီးထွန်းပေး၍
တခါထပ်ပြီး ဖယောင်တိုင်မှုတ်‌ စေရသည်။

ကလေးများအားလုံး ကိတ်မုန့်နှင့် ရေခဲမုန့်
စားနေကြသည်။ လူကြီးများကလည်း
အလုပ်များနေသည်။ ထိုအချိန်မှာ ကျွန်တော်သည်
မွေးနေ့ရှင် အငယ်လေးကို သတိထား
မိသည်။ မွေးနေ့ရှင် အငယ်လေးက
ရေခဲမုန့်စားနေသူ ကလေးငယ်အား
ကြည့်နေသည်။ ထိုအခါမှ ကျွန်တော်လည်း
အငယ်လေးကို ခေါ်ကာ သား ရေခဲမုန့်စား
ချင်လို့လားဟုမေးရာ မွေးနေ့ရှင်‌လေးမှာ
သူစားချင်ကြောင်း ခေါင်းတဆတ်ဆတ်နှင့်
ငြိမ့်ပြရှာလေသည်။

ကလေးကို ခေါ်၍ ရေခဲမုန့်နှင့် ကိတ်မုန့်ကျွေးရာ
ကိတ်မုန့်နှင့် ရေခဲမုန့်တပွဲကျော် ကုန်လေသည်။
တခါတလေတော့လည်း အဲ့သလိုဖြစ်တတ်ပါသည်။

@htwegyi
April 25, 2024

H2
H3
H4
3 columns
2 columns
1 column
5 Comments
Ecency