စိတ်ပျက်အောင်မလုပ်နဲ့

img_0.8030031825123447.jpg
လူဆိုတဲ့ သဘာဝကိုက အမှားကင်းတဲ့လူဆိုတာ မရှိပါဘူး။

ဘာကြောင့်လဲဆိုတော့ လောက၌ ပြီးပြည့်စုံပါတယ်ဆိုတဲ့လူဆိုတာ မရှိလို့ပါပဲ။

ကိုယ့်ရဲ့အမှားတစ်ခုအပေါ်၌ ထောက်ပြသွန်သင်ပေးမယ့်လူဆိုတာ ရှိတော့ရှိနိုင်ပါတယ်။

ဒါပေမယ့် အလွန်ရှားပါတယ်။

ဘာကြောင့်လဲဆိုတော့ အမုန်းမခံနိုင်ကြလို့ပါပဲ။

နည်းမှန် လမ်းမှန်နဲ့သာ သူတပါးရဲ့အားနည်းချက် လိုအပ်ချက်တွေကို ထောက်ပြ ပြောပြတက်ကြမယ်ဆိုရင် အမုန်းခံရနိုင်စရာ အကြောင်းမရှိပါဘူး။

ဒါပေမယ့်လည်း ကိုယ့်ရဲ့အမှား ကိုယ့်ရဲ့လိုအပ်ချက်တွေကို စေတနာနဲ့ ကူညီပြောပြလာတဲ့သူကိုတော့ စိတ်ပျက်အောင်တော့ မလုပ်မိဖို့တော့ လိုအပ်ပါတယ်။

author:@thurawinkyaw
photo images:unsplash.com

H2
H3
H4
3 columns
2 columns
1 column
4 Comments
Ecency